ကဗျာတော့အဓိပယ်တော့မရှိဘူး ဒါပေမဲ့ ဘောလ့်ကိုလာလည်ပေးဖို့ အမြဲတမ်းကြိုဆိုပါတယ်

Get Together to Free Burma



Help for saffron revolution in Buram

Call Me Anytime

If one day you feel like crying...
call me
I don't promise you that I will make you laugh
But I can cry with you

If one day you want to run away
Don't be afraid to call me
I don't promise to ask you to stay
But I can run with you

If one day you don't want to listen to anybody
call me
I promise to be very quiet
But
If one day you call and there is no answer
Come fast to see me
Perhaps I need you

Thank you for always being there for me!

အချစ်အိပ်မက်

မြင်ရုံလေးနဲ့ ဘဲ စွဲလမ်းနေခဲ့မိရင်

ကြားရုံလေးနဲ့ ဘဲ တုန်လှုပ်နေခဲ့မိရင်

ပြုံးရုံလေးနဲ့ ဘဲ မြတ်နိုးနေခဲ့မိရင်

မင်းနဲ့ပတ်သတ်သမျှ စဉ်းစားမိရုံလေးဘဲ

သွေးပျက်မတတ် ချစ်နေခဲ့မိရင်

ငါ့ခနွာသွေးကြောတွေထဲ မင်းအရိပ်တွေ

ထိုးထွက် ပေါင်းစုဆုံဆည်းခဲ့မိရင်

အချိန်တိုင်းမှာ ငါမင်းကို

လွမ်းများလွမ်းတတ်နေခဲ့မိမှာသလား.....

Joe

ရှင်ကွဲ

ညတွေထဲ….

လွမ်းလိုက်တာနှင်း

မြစ်ကမိုးနားထောင်မှာစိုးလို့ 

အိပ်မက်တွေမော့သောက်ရင်း..

ရင်ခုန်ဖို့ ထိတ်လန့် နေရသူပါ။ ။

မျက်လုံးတွေ မှိတ်မရတဲ့အခါ

အမြဲတမ်း လွမ်းစိတ်နဲ့ လောင်

ညစဉ်ညတိုင်း

ခုတင်နဲ့ ကျောနဲ့ ကပ်

တဖြည်းဖြည်း ဝေးဝေးသွားမှာလား။

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့

ချစ်ခြင်းတွေ ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ။

တကယ်ဆို…

ချစ်ကံစေသူတို့ နိဂုံးဟာ

ခုလိုပဲ…

ခွခွါခြင်းကို ဆေးထည့်မရဘူးလားကွယ်…..

နေဈာန်

ရင်ခွင်ပျောက်သူ

ချစ်သူလေးရေ…

သိပ်ချစ်ခဲ့တဲ့အချစ်တွေ

ခုတော့ပျောက်ဆုံးသွားလေသလား

ပန်းပွင့်ကလေးတွေကမှ

လေပြင်းတိုက်ခြွေအချမှာ

ငါ့တီလွင့်ကျလာသေးတယ်

ဟို… အဝေးတစ်နေရာမှာ

တိမ်ညိုတွေအုံ့ ဆိုင်းလို့ 

ငါရှိရာကောင်းကင်မှာလည်း

ပြိုမလိုညို့ မှိုင်းနေရဲ့

စိတ်ရှိတိုင်းမဖြစ်လေတဲ့ဘဝ

အချစ်တခုရဲ့သင်္ခါရအတွက်

သည်းထန်တော့မယ်မိုးစက်တွေကြား

ငါအားရအောင်ငိုဦးမယ်………….
လင်းပြာ

ဒြပ်နှောပြသ၁နာ

မတူညီတဲ့ဒြပ်နှော်နှစ်ခုကိုပေါင်းစပ်မိလို့ 

ဖြစ်ပေါ်လာတဲ့ သံယောဇဉ်ဒြပ်ပေါင်းကို

သံသယအပူမီးနဲ့ အပူတိုက်လိုက်တဲ့အခါမှာ

အကြင်နာတွေအရည်ပျော်

မေတာတွေအရောင်ပြောင်း

အမုန်(ဒီဂရီဖာရင်ဟိုက်) ကိုရောက်တော့

ဝေဒနာဒြပ်ပေါင်းတွေထွက်ပေါ်လာ

Sulphur နဲ့ acid ပေါင်းစပ်ပြီး

Water နဲ့ ဓာတ်ပြယ်လိုက်တဲ့အခါမှာ

H2OPO5Z32 ဆိုတဲ့အသဲကွဲဒြပ်ပေါင်းထပ်ထွက်လာတော့

ဒြပ်စင်တွေလည်းဒြပ်မဲ့ဖြစ်

ဒြပ်စစ်မှဒြပ်နှောအဖြစ်ပြောင်းသွားတော့

တူညီတဲ့ Equation တစ်ကြောင်းလောက်

ရေးပြလှည့်ပါလား..... လေးရယ်…..

မိုင်းခြိုဝ်း

” စိတ်ဓာတ်”

ဘ၀ဆိုတာ ကိန်းဂဏန်းလိုဘဲ

တစ်ပြီးရင် နှစ်လာသလို

အကောင်းပြီးရင် အဆိုးလာတတ်တယ်

အဆိုးပြီးတော့လည်း

အကောင်းလာပြန်ရော့

ဒါကြောင့်

ကောင်းနေတုန်းဟန်ကျပြီးမထင်နဲ့ ဦး

အဆိုးလာလိမ်ဦးမယ်ဆိုတာ ကြိုတွေးထား။

ဘ၀ကံဆိုးနေတဲ့အခါမှာလည်း

စိတ်ဓာတ်ကျပြီး စိတ်ညစ်မနေနဲ ။့

အကောင်းတွေလာ ဦးမယ်ဆိုတာ

ကြိုမျော်လင့်ထား

ဒါကြောင့်

တစ်ပြီးရင် နှစ်လာမယ်ဆိုတာ

သူငယ်ချင်း…ဘယ်တော့မှမမေ့နဲ့ ။

လိုည်းဖိုက်ခြိုဝ်း